နောင်ကာလမှာ


နောင်ကာလ၌ ......


ခရစ်တော်ပြန်လာမည့်အချိန်သည် မည်သည့်အချိန်၌ဖြစ်မည်ကို မသိရသော်လည်း ခရစ်တော်ပြန်လာရန် အလွန်ပင်နီး ကပ်လာပြီဖြစ်ကြောင်း နှုတ်ကပတ်တော်ကိုကြည့်ခြင်းအားဖြင့်နားလည်နိုင်ပေသည်။အထူးသဖြင့် ပတ်ဝန်း ကျင်၌နေ့စဉ်ဖြစ်ပျက်နေသောအရာများသည် သက်သေထူနေပြီမဟုတ်လော.......

(အကြောင်းမူကား၊နောင်ကာလ၌ လူတို့သည်စင်ကြယ်သောသြဝါဒကိုမခံနိုင်ဘဲ၊ယားတတ်သော နားရှိလျှင် မိမိ တပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့လိုက်ကြလိမ့်မည်။ ၂တိ၊၄း၃)

ယနေ့ခေတ်တွင်များစွာသော ခရစ်ယာန်များက စင်ကြယ်သောသြဝါဒကိုမနှစ်သက်ကြတော့ပေ။နှုတ်ကပတ်တော်အတိုင်း သြဝါဒပေးသော အမှု့တော်ဆောင်များကို မကြိုက်ကြတော့ပါ။ထိုအမှု့တော်ဆောင်မျိုးကို တရားဟောခွင့်လည်းမပေးချင်ကြ တော့ပါ။ဝတ်ပြုချိန် တရားဟောကြာပါကထိုဆရာ နောက်တစ်ကြိမ်တရားဟောခွင့်ရဖို့မလွယ်ပြီ။ထို့ကြောင့် အချို့အမှု့တော် ဆောင်များသည်ဘုရားအကြိုက်တရားမဟောဘဲ လူ့အကြိုက်ပြုလုပ်လာကြသည်ကို ဝမ်းနည်းဖွယ်တွေ့နေရသည်။အချို့က တရားတိုတိုဟောလျှင် ခွန်အားရသည်ဟုပြောကြသည်။ကြာလျှင် နှုတ်ပင်မဆက်ချင်ကြပါ။ နှုတ်ကပတ်တော် အတိုင်း ပြောသောသူကို မလိုလားကြတော့ပါ။အသင်းတော်၌ နေရာမ ပေးချင်ကြ တော့ပေ။

ယားတတ်သောနား--- မိမိလိုချင်သည့် အတိုင်းဦးဆောင်သည့် အမှု့တော်ဆောင်များကိုနေရာပေးလာကြပြီ။နှုတ်ကပတ် တော်မပြောဘဲ လူ့အကြိုက် ဟာသနှောပြီး စကားပြောကောင်းသော တို့ကိုအားကျပြီး ထိုသူများနောက်လိုက်သည့် ခရစ် ယာန်အများရှိနေကြသည်။

ချစ်စွာသောမိတ်ဆွေ...... သင်၏ပတ်ဝန်းကျင်တွင်မည်ကဲ့သို့ပင် အကျင့်စရိုက်တွေ ပျက်စီးယိုယွင်းနေစေကာမူ သင်မူကား အရာရာ၌ သတိပြုလျက်၊ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့် စင်ကြယ်သောသြဝါဒကို ခံယူကာ အဆုံးထိသစ္စာရှိစွာ လျှောက်လှမ်းပါ..... မကြာတော့သောအချိန်ကာလ၌ခရစ်တော်သည် လက်၌စံကောပါလျက် ကြီးစွာသောဘုန်းနှင့်ပြန်လာ တော့မည်ဖြစ်ပါသည်။

" ..... ထိုနေ့ရက်၌ တရားသဖြင့်စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကိုငါ၌အပ်ပေးတော်မူမည်။ထိုမျှ မက ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်းအပ်ပေးတော်မူမည်။ ၂တိ၊၄း၈ ()" )

5 views

© 2019 by Immanuel Myanmar Church , Wheaton ( Chicago land ) 

  • YouTube
  • Facebook Social Icon