top of page

ဒီတစ်ပတ်အတွက်အသိပေးခြင်း

ယခုတစ်ပတ်အတွက် အသင်းတော်၏ အစီအစဉ်များအားဖော်ပြပေးလိုက်ပါတယ်။


မွေးနေ့ Happy birthday

U Victor M. Sawm & Esther Shwei တို့၏သမီးဦးဖြစ်သော Rebecca Khei Thang ၏ (၁၁) နှစ်ပြည့်မွေးနေ့ ကျေးဇူးတော်ချီးမွမ်းခြင်းကို မိမိနေအိမ်တွင်ပြုလုပ်မည်ဖြစ်ပါသည်။ ထို့ကြောင့် သင်းဝင်ယုံကြည်သူများ အယောက်တိုင်းပါဝင် တက်ရောက်ပေးကြရန် အသိပေးဖိတ်ခေါ်ခြင်းဖြစ်ပါသည်။ အစီအစဉ်အား ညနေ (၆) နာရီတွင်အစပြုမည်ဖြစ်ပါသည်။ on friday night / May 27,2022.

 

အမျိုးသမီးဆုတောင်း

အသင်းတော်၏ အမျိုးသမီးများ ဆုတောင်းခြင်းကို ယခုလာမည့်စနေနေ့တွင် ဘုရားကျောင်းမှာ ပြုလုပ်သွားကြမည်ဖြစ်ပါသည်။ အမျိုးသမီးများ အားလုံးပါဝင်ဆုတောင်းကြရန် အထူးတိုက်တွန်း နှိုးဆော်အပ်ပါသည်။ ဆုတောင်းအပြီးတွင် ဘုရားကျောင်းဝန်းကျင် ပန်းစိုက်ပျိုးခြင်းလည်း လုပ်ဆောင်ကြမည်ဟု သိရပါသည်။

 

ဘုရားကျောင်းလုပ်အားပေးခြင်း

ယခုအပတ်စနေနေ့တွင် ရာသီဥတုလည်း ကောင်းမွန်မည်ဖြစ်သောကြောင့် လက်စမသတ်ရသေးသော သစ်ခုတ်၊ မြက်ရိတ်၊ သန့်ရှင်းရေး လက်စသတ်မည်ဖြစ်ပါသည်။ အချိန်ရသောသူများ လာရောက်လုပ်အားပေးနိုင်ကြောင်း အသိပေးနှိုးဆော်ပါသည်။ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင်စတင်မည်ဖြစ်ပါသည်။

 

လူငယ်အစီအစဉ်

Youth service ကိုယခုတစ်ပတ်စနေ နေ့ညနေ (၆) နာရီတွင် စတင်ပြုလုပ်ကြမည်ဖြစ်ပါသည်။ လူငယ်တွင်ပါဝင်လျက်ရှိကြသော မိမိသားသမီးများအား ဘုရားကျောင်းအရောက် ပို့ဆောင်ကူညီပေးကြရန်မေတ္တာရပ်ခံပါ၏။ သားသမီးများအဖို့ သိပ်အရေးကြီးသောကြောင့် ပံ့ပိုးပေးကြရန် အသိပေးနှိုးဆော်တိုက်တွန်းပါ၏။ အသေးစိတ်ကို လူငယ်ခေါင်းဆောင်ဖြစ်သော Kyaw Lay / Ruth Choi တို့ထံဆက်သွယ် မေးမြန်းနိုင်ပါသည်။

 

အသင်းတော်၏ ပြက္ခဒိန်ကို အောက်တွင်ကြည့်ရှုပါ။



72 views0 comments
bottom of page