တမလွန်အရေးဘယ်သူအားမခံပေးနိုင်သလဲ
ယူနီကုတ်နှင့်ဖတ်ရန် 👆တမလွန်အတွက် အာမခံပေးနိုင်မှ ဘုရားစစ်ဘုရားမှန်ခေါ်ရပါမယ်။ တမလွန်အရေး ကျင့်ဖို့လိုက်ဖို့တရားပဲ ချနေရင် အာမခံမပေးနိုင်ဘူးဆိုရင် ဘုရားလို့မခေါ်အပ်ပါ။ အဲ့ဒီသူကိုယ်တိုင်က တမလွန်အရေး အာမခံမရသေးလို့ ကြိုးစားပြီးကျင့်နေသောသူဖြစ်တယ်။
ယေရှုဘုရားကတော့ ငါ့ကိုယုံကြည်လျှင် ထာ၀ရအသက်ရမည်ဟု အာမခံပါသည်။
တရားဓမ္မ အကျင့်သီလ ဘယ်လောက်ကောင်းနေသောသူ၊ကျင့်နေနိုင်သောသူတွေကပင် လူတစ်ဦးတစ်ယောက်ရဲ့ တမလွန်အရေးကို အဘယ်မှလူသားက အာမခံမပေးနိုင်ပါဘူး။ ကမ္ဘာဦးမှအစယနေ့ထိတိုင် မကြားရပါ။ အဘယ်တရားကပင် ဒီလိုနေပါ။ ဒီလိုကျင့်နိုင်မှ ကောင်းရာရောက်မယ်လို့ စေညွှန်းပါတယ်။ သင်နှင့်ကျွန်ပ်လည်း လိုက်မလုပ်နိုင်ပါဘူး။ လူဆိုတာ ဖောက်ပြန်တတ်တဲ့ သတ္တဝါမျိုးမဟုတ်လား။ ကိုယ်ကကောင်းဖို့ ကြိုးစားနေပေမဲ့ ကိုယ့်အနားကလူတွေကို ကြည့်ပြီးထိန်းနေတဲ့စိတ်တွေက ဖောက်ပြန်စမြဲပါ။ ဘယ်ဘုန်းကြီးသီလရှင်၊ တရားဟောဓမ္မဆရာကပင် လိုက်ဖို့ နာဖို့တရားချပြတာကလွဲလို့ အာမခံမပေးနိုင်ပါဘူး။
သင့်တမလွန်အတွက် သင်လုပ်မှရမယ်၊ အာမခံမပေးနိုင်ဘူးဆိုရင် အဲ့ဒါဘုရားမစစ်မမှန်လို့ပေါ့။ အဲ့ဒီလူကိုယ်တိုင်က တမလွန်အတွက် အာမခံမရသေးလို့ ကြိုးစားပြီးကျင့်နေတုန်းပဲမဟုတ်လား။ သင်နှင့်ကျွန်ပ်အဖို့ အာမခံမပေးနိုင်ဘူး။ ဘာကြောင့်လည်းဆိုတော့ လူတစ်ယောက်ကို အာမခံပေးရမယ်ဆိုရင် ဒီစကြစ၀ဏဋာတစ်ခုလုံးထက် တန်ဖိုးပေးရမှာဖြစ်တယ်။ ဒါကြောင့် အဘယ် တရားဓမ္မပညာရှင်၊ သီလရှင်တရားဟော ဆရာကပင်သင့်အတွက် အာမခံမပေးနိုင်ပါဘူး။
လောကမှာ ယေရှုခရစ်တော် တစ်ပါးတည်းကသာလျှင် ငါ့ကိုယုံကြည်ပါ။ ငါ့ကိုယုံကြည်သောသူဖြစ်ရင် သင့်အဖို့တမလွန်စိတ်ချရပြီ။ ထာ၀ရအသက်ကိုပေးမယ် လို့အာမခံပေးနေပါတယ်။ တရားကျင့်ပါ။ မနောသိလကောင်းရင် ထာ၀ရအသက်ပေးမယ်လို့ မဟောထားသလိုမခိုင်းပါဘူး။
သင့်အပြစ်အတွက် ကားတိုင်ပေါ်မှာ အသက်ပေးအသွေးသွန်းခဲ့ပြီ။ သင်အပြစ်ရှိသမျှကို ဆေးကြောဖြေလွှတ်ခဲ့ပြီးပါပြီ။ ငါ့ကိုကြည်ကြည်ပါ။ ထာ၀ရအသက်ကိုပေးမယ်လို့ အာမခံပေးနေပါတယ်။
ချစ်သောမိတ်ဆွေ .... အာမခံချက်ကို ဘယ်သူကပေးနေသလဲ။ ဘယ်သူက တရားကိုပဲ ချပြနေသလဲ။ စစ်မှန်သောဘုရား၊ အာမခံပေးနိုင်သော ဘုရားကိုသာ ယခုသင့်ရဲ့နှလုံးသားထဲမှာ နေရာပေးဖို့၊ ယုံကြည်ဖို့၊ခေါ်ဖိတ်ဖို့ တိုက်တွန်းပါတယ်။
© 2019 by Immanuel Myanmar Church , Wheaton ( Chicago land ) 
  • YouTube
  • Facebook Social Icon