ဆုတောင်းခြင်းကိုသက်သေထူ

ဆုတာင်းခြင်းဟာ ဘယ်သောအခါမှအချည်းနှီးမဖြစ်ပါ။ ဆုတောင်းခြင်းမရှိရင် ငြိမ်သက်ခြင်းလည်းကင်းမဲ့တယ်။ ဆုတောင်းခြင်းမှာ အမြဲသက်သေထူတယ်။ ယခုလည်း အသင်းတော်၏ ဆုတောင်းခြင်းကို ဘုရားရှင် အဖြေပေးနေတယ်။



ကျွန်ပ်တို့ချစ်သော U Ai Saw Loi မိသားစုရောရမည့် ငွေကြေးအတွက် အားလုံးကဆုတောင်းခဲ့ကြပါတယ်။ ဒေါ်လာ တစ်သောင်းလေးထောင်ကျော် ပေးရမှာဖြစ်ပါတယ်။ မပေးနိုင်ဘူးဆိုရင် ကားမောင်းလိုင်စင်အသိမ်းခံရမည့်အခြေအနေထိဖြစ်ခဲ့ပါတယ်။ အကြွေးတောင်းတဲ့ ကုမ္မဏီကိုလည်းအပ်ထားကြတာဖြစ်ပါတယ်။ ပေးနိုင်ဖို့မလွယ်ပါ။ သို့သော် မိသားစုတို့ကိုယ်တိုင်မှ ကြိုးစားပြီးဆုတောင်းခဲ့ကြပါတယ်။ သည့်အပြင် ယုံကြည်သူ အသင်းတော်သို့လည်းဆုတောင်းတင်ပြပြီး အားလုံးကဆုတောင်းပေးခဲ့ကြပါတယ်။


ဘုရားသခင်ဟာ အံ့ဩဖွယ်အလုပ်လုပ်ခဲ့တယ်။ ယနေ့မှာတော့ တစ်သောင်းလေးထောင် ပေးရမည့်အစား ကျွန်ပ်တို့တောင်းပန်လျှော့ပေါ့ခိုင်းတဲ့အတိုင်း $ 5000 လက်ခံသဘောတူလိုက်ကြပြီဖြစ်ပါတယ်။ ဟာလေလုယာ။ ဘုရားသခင်သိပ်ကောင်းမြတ်တယ်။ ဘုရားသခင်မတတ်နိုင်တာမရှိပေ။ ခေါ်လျှင်ထူးသောဘုရားဖြစ်တယ်။ တောင်းတာထက် ထူးကဲစွာပြုသောဘုရားဖြစ်ပါတယ်။ ဆုတောင်းခြင်းသက်သေအတွက် ဆုတောင်းပေးကြသော ယုံကြည်သူတိုင်း ကျေးဇူးတော်ချီးမွမ်းဝမ်းမြောက်နိုင်ရန် ပြန်လည်သက်သေခံဝေမျှခြင်းဖြစ်ပါ၏။ ဘုရားရှင်နာမဘုန်းကြီးပါစေသော။ အာမင်။

55 views1 comment

© 2019 by Immanuel Myanmar Church , Wheaton ( Chicago land ) 

  • YouTube
  • Facebook Social Icon