top of page

ဆင်းရဲသော်လည်း သာ၍သွန်းချပြီ

ယူနီကုတ်👉 လူဆိုတာ ရှိမှပေးချင်သည်။ ပိုမှမျှဝေချင်သည်မဟုတ်လော။


စေတနာစိတ်ဆိုတာ ရှိခြင်းမရှိခြင်းအပေါ်မှာမတည်ပါဘူး။

မချမ်းသာသော်လည်း များစွာသွန်းချသောသူ

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁

ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကိုမြင်တော်မူ၏။

ဆင်းရဲသောမုဆိုးမတယောက်သည်လည်း ကြေးနီဒင်္ဂါး နှစ်ပြား သွင်းချသည်ကို မြင်တော်မူလျှင်၊

ငါအမှန်ဆိုသည်ကား၊ ထိုဆင်းရဲသောမုဆိုးမသည် အခြား သူအပေါင်းတို့ထက်သာ၍ သွင်းချပြီ။

အကြောင်းမူူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍ ဘုရားသခင်၏ အလှူတော် စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်း ရဲလျက်ပင် မိမိအသက်မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။


ကျွန်ပ်တို့နေ့စဉ်လုပ်ဆောင်သောအမှု့အရာများ၊ ပေးလှုပါဝင်သောအရာများကို ဘုရားသခင်က အမြဲကြည့်ရှုမှတ်ယူလျက်ရှိပါသည်။ ကောင်းကြီးပေးရန်နှင့် ချီးမြှောက်ရန်ဖြစ်သည်။ ဗိမာန်တော်သို့ လာရောက်ပေးလှုသူများတွင် များစွာသော သူငှေးသူကြွယ်၊လူလတ်တန်းစားအလွှာစုံနေကြပါသည်။ ထိုသူတို့၏ ပေးလှုခြင်းကိုလည်း ကိုယ်တော်မြင်ပါသည်။ အချို့ကဒေနာရိ နှစ်ပြားထက်မက ပေးကြမည်ဖြစ်သည်။ သို့သော် ထိုသူတို့အထဲတွင် မုဆိုးမအမျိုးသမီးတစ်ဦးရဲ့ ပေးလှုခြင်းကို ကိုယ်တော်က အသိအမှတ်ပြုပါသည်။ အဘယ်ကြောင့်နည်း။ ရှိတဲ့အရာလေးကို စေတနာရှိရှိ စိတ်နှလုံးအပြည့်နှင့်ပေးသောအခါ ကိုယ်တော်က ချီးမွမ်းခြင်းဖြစ်ပါသည်။ သင့်ရဲ့ပေးလှုခြင်းကကော ရှိသမျှလား၊ ရှိတဲ့အရာထဲက နှုတ်၍လား။ ဆင်ခြင်စရာပါ။ ကိုယ်တော်က ပေးလှုခြင်းပမာဏထက် အထဲကစေတနာကိုသာ ကြည့်ခြင်းဖြစ်တယ်။

အယောက်တိုင်းဆင်ခြင်နိုင်ကြပါစေ။

104 views0 comments
bottom of page