top of page

နှစ်သိမ့်ပေးသူ ဧမာနွေလဘုရား

အခက်ခဲဆုံးအချိန်၊ ၀မ်းနည်းလို့စိတ်ပျက်နေချိန်မှာ အနားကမခွါနှစ်သိမ့်ပေးနိုင်သူဟာ အခြားဘယ်သူမှမဟုတ်ပါဘူး။


သင့်အနားမှာ ဘယ်သူမှမရှိရင်တောင် ယေရှုသင်နှင့်အတူရှိတယ်။

အားငယ်လို့စိတ်ပျက်နေတဲ့အချိန်၊ ဒုက္ခရောက်လို့ခက်ခဲနေတဲ့အချိန် သင့်ရဲ့အနားမှာ အမြဲရှိကာ ချော့သိမ့်နှစ်သိမ့်ပေးနိုင်မည့်သူဟာ သင့်ရဲ့မိဘကအမြဲမဖြစ်နိုင်ဘူး။သင့်ရဲ့ချစ်သူလည်းမဟုတ်ခဲ့သလိုသင့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေလည်းမဟုတ်ပါဘူး။ သင့်အနားမှာ ဘယ်သူမှမရှိကြတော့တဲ့အခက်ခဲဆုံးအချိန်၊အခါးသီးဆုံးအချိန်၊ နောက်ဆုံးသင့်ဘ၀မှာရစရာ၊မျှော်လင့်စရာမရှိတော့တဲ့အချိန်မှာလည်း သင့်အနားမှာအမြဲ ရှိပြီးထွေးပွေ့နှစ်သိမ့်ပေးမည့်သူဟာ ဧမာနွေလဘုရားယေရှုခရစ်တော် ဘုရားတစ်ပါးတည်းသာလျှင်ဖြစ်ပါတယ်။ သင်နှင့်အတူ ကိုယ်တော်အမြဲရှိနေမည်။ကိုးစားမျှော်ကြည့်လိုက်ပါလား။သင်ထွက်မြောက်ရာလမ်းကိုပြပေးပါလိမ့်မယ်။


ထိုအရှင်ယေရှုဟာ ခိုလှုံသောသူတို့ရဲ့ ခိုလှုံရာအကွယ်အကာဖြစ်တော်မူ၏။ သူ့ထံသို့လာသောသူ ချဉ်းကပ်သောသူ အားလုံးကို ကူမသောဘုရား၊ လမ်းပြသောဘုရားဖြစ်တယ်။

9 views0 comments
bottom of page