စိတ်ကူးနှင့်လက်တွေ့

ယူနီကုတ် 👉 တစ်ခါတစ်ရံမှာ စိတ်ကူးနဲ့လက်တွေ့လွဲနေတတ်တယ်။


စိတ်ကူးယာဉ်ဆိုတာ ခံစားချက်သက်သက်ပါပဲ

တစ်ခါတစ်ရံဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ခြားစီဖြစ်တတ်တယ်။ စိတ်ကူးတာနဲ့ မြင်ရတာလည်း တစ်ခြားစီဖြစ်တတ်တယ်။ စိတ်မပျက်ပါန့ဲ။

ဗိုလိချုပ်နေမာန်ရဲ့အသက်တာထဲမှာလည်းတွေ့ရပါတယ်။ ဘုရားသခင်၏လူ ဧလိရှဲထံရောက်ရင် ဘာမှမလုပ်ရပဲ အနာပျောက်လိမ့်မယ်လို့ သူမျှော်လင့်ခဲ့တယ်။သူ့စိတ်ကူးသူ့အတွေးထဲမှာ သိပ်လွယ်ကူတာကိုစိတ်ကူးရင် တွေးနေမိတယ်။ ဧလိရှဲထံရောက်တဲ့အခါမှာတော့ တွေးတာနဲ့ဖြစ်ချင်တာနဲ့ စင်စင်လွဲနေပါတော့တယ်။ဒေါသလည်းထွက်၊လာမိတာနောင်တလည်းရမိတယ်။

သူလုံး၀ မတွေးမိတဲ့အရာကို ဧလိရှဲကလုပ်ဖို့ခိုင်းပါတယ်။ သူမလုပ်နိုင်ဘူး။မလုပ်ချင်ဘူး။ ဒါပေမဲ့ သူ့ငယ်သားတွေက ဖြောင်းဖြလို့ လုပ်လိုက်တာ သူ့အနာရှိသမျှပျောက်ရုံမက သူမစဉ်းစားမိတဲ့ အသားအရေမျိုးကိုလည်း သူရသွားပါတယ်။

(ဓမ္မရာဇဝင်စတုတ္ထစောင်: )

  • YouTube
  • Facebook Social Icon