စာတန်၏ဝင်ပေါက်

ယူနီကုတ်- Zawgyi နှင့်ဖတ်ရန် 👆 စာတန်ဆိုတာ အမြဲမပြတ် ကျွန်ပ်တို့ကိုချောင်းမြောင်းနေတာဖြစ်တယ်။ ကျွန်ပ်တို့ကိုဖျက်ဆီးရန်စောင့်နေပါသည်။


စာတန်က ခိုးမယ်၊သတ်မယ်၊ဖျက်ဆီးမယ်။

စာတန်ဝင်ပေါက်

~~~~~~~~~~


👉 အကြား 👂

👉 အမြင် 👀


အကြား . . 👂 -- သင်ကြားကြားနေရတဲ့အရာဟာ ကြမ်းတမ်းခက်ထန်ပြီး မင်္ဂလာမရှိတဲ့အသံတွေပဲဖြစ်နေမယ်ဆိုရင်၊ အတင်းအဖျင်းတုတ်နေတဲ့အသံ၊ စစ်တိုက်နေတဲ့အသံတွေပဲဖြစ်နေမယ်ဆိုရင် နားထဲကတစ်ဆင့် သင့်ရဲ့နှလုံးအိမ်ထဲသို့ဝင်ပြီး ရိုင်းစိုင်းသောသဘော၊ စာနာမှူ့ကင်းမဲ့သော သဘောဖြစ်သွားလိမ့်မယ်။


အမြင် 👀 . . . သင်မြင်တွေ့နေရတဲ့အရာ ကြည်ကြည့်နေသောအရာဟာလည်း ညစ်ညမ်းသောအရာ၊မတော်လျော်သောအရာများပဲ ကြည့်နေတယ်ဆိုရင်၊ အခြောက်တွေရဲ့ဟာသပဲကြည့်နေမယ်ဆိုရင် ကြာလာတဲ့အခါ သင့်နှလုံးကိုနေရာယူ စိုးမိုးလာပါလိမ့်မယ်။ ထိုမှတစ်ဖန် နှလုံးထဲမှာ ရိုင်းသောသဘော၊ ညစ်ညမ်းသောသဘောဖြစ်လာရင် ပြန်ထွက်လာသောအရာသည် မင်္ဂလာမရှိတော့ပါ။


💝 ... နှလုံး . . ထို့ကြောင့်နှူတ်ကပတ်တော်က နှလုံးကို အထူးစောင့်ရှောက်ဖို့သွန်သင်ထားပါတယ်။ထာဝရဘုရားက ကောင်းကြီးပေးတဲ့အခါ အပြင်သဏ္ဌန်ကိုပေးခြင်းမဟုတ်ပါ။ နှလုံးသန့်ရှင်းဖြောင့်မတ်ခြင်းကိုကြည့်ပြီးမှသာ ကောင်းကြီးပေးပါတယ်။ ဆုတောင်းအဖြေပေးပါတယ်။


ဒါကြောင့် သင့်နှလုံးကိုဘယ်လို ကာကွယ်စောင့်ရှောက်မလဲ။ သင့်နားသည် ကောင်းသော စကား၊ချိန်မြိန်သော နှူတ်ကပတ်တော်ကိုသာကြားပါစေ၊ နားထောင်နေပါစေ။ သင့်မျက်စိသည် ကောင်းသောအရာကိုရှူမြင်နိုင်ပါစေ၊ နှူတ်ကပတ်တော်ကိုကြည့်မှတ်ပါစေ။ သွားရမဲ့လမ်းခရီးကိုအလင်းပေးပါလိမ့်မယ်။

စာတန်ဝင်ပေါက်

~~~~~~~~~~

👉 အကြား 👂

👉 အမြင် 👀





260 views

© 2019 by Immanuel Myanmar Church , Wheaton ( Chicago land ) 

  • YouTube
  • Facebook Social Icon