top of page

ခါးသီးနေတဲ့ဘ၀အတွက်

ယူနီကုတ် 👉


ညီးတွားခြင်း၊ဝမ်းနည်းခြင်းတွေနဲ့ မပျော်ရွှင်ခြင်းတွေနဲ့ပြည့်နှက်နေတဲ့သင့်အသက်တာ၊သင့်ရဲမိသားစု အိမ်၊ မကျန်းမာခြင်းတွေ၊မပြည့်စုံခြင်းတွေသာကြီးစိုးလွန်းလို့ တစ်နေ့တစ်နေ့ ခါးသီးခြင်းတွေနဲ့ ရင် ဆိုင်နေရတဲ့ သင့်ဘဝအသက်တာထဲ၊ သင့်ရဲ့မိသားစုထဲမှာ ခရစ်တော်ကိုဖိတ်ခေါ်ကြိုဆိုလိုက်ပါ။ ဧဝံဂေလိကိုကြိုဆိုလိုက်ပါ။ ဘုရားအမှူ့တော်ဆောင်တွေကို ခေါ်ဖိတ်ကြည့်ပါ။ မပျော်ရွှင်ခြင်း၊ မကျန်းမာခြင်းတွေထဲကနေ သင်အမှန်တကယ်လွတ်မြောက်ရပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ခရစ်တော် သင့်အသက်တာထဲ၊သင့်မိသားစုထဲ ရောက်နေဖို့ပါပဲ။

ကာနမြို့မင်္ဂလာဆောင်ပွဲမှာ ခရစ် တော်ရှိနေခြင်းက ပြဿ နာကိုပြေ လည်စေစိတ်ချစေပါတယ်။သည်သာမက ဘုရားဘုန်းတော်သာ၍ထင် ရှားစရာအကြောင်းဖြစ်စေခဲ့ တယ်။ လက်ထပ်ထိမ်းမြှားစဉ် ကပင် သတို့သားနှင့်သတို့သမီး ကခရစ်တော်ကို နေရာပေးခဲ့ခြင်းဖြစ်သည်ခရစ်တော် ရှိနေ ခြင်းက မိသားစုကိုလုံခြုံစေပါ တယ်။ စိတ်ချစေပါတယ်။ပြဿနာ မုန်တိုင်းကြုံလာရသည့်တိုင် မစပေးမည့်အရှင်ဖြစ်တယ်။

ဖျားနာ၍မထိုင်နိုင် လဲလျောင်းနေတဲ့ ပေတရု၏ ယောက္ခမတို့အိမ်ကို ခရစ် တော်ရောက်လာခဲ့တယ်။တည်းခိုအ နားယူခဲ့တယ်။ ပေတရုယောက္ခမကို ဖျားနာခြင်းထဲက ကျန်းမာစေသော အခါ သူသည်ဖျားနာရာမှလန်းဆန်းလာရှာပြီး ဧည့်ခံခြင်းအမှူ့ပြုခဲ့တယ်။ ပုံပြင်မဟုတ်ပါ။ လက်တွေ့ဖြစ်ခဲ့ သောအရာမဟုတ်လား။

တမနက်လုံးကြိုးစားပန်းစား ရှာလာခဲ့ပေမဲ့ ငါးတစ်ကောင်မျှမရခဲ့ သောပေတရုကိုလည်းမှတ်မိမှာပေါ့။ အလုပ်အကိုင်ထဲလုံး၀အဆင်မပြေ ဖြစ်နေတဲ့အချိန် ယေရှုခရစ်တော် သူ့ အနားရောက်နေခဲ့တယ်။ နှုတ်ကပတ် တော်ကိုနားထောင်ဖို့ ဘာမှမရှိတဲ့သူ့ လှေကို အသုံးပြုခွင့်နေရာပေးလိုက် တယ်။ အံ့ဩဖွယ် ငါးများစွာပြည့် လျှံလာခဲ့တယ်။ ကျွန်ပ်တို့တွေရဲ့နေ့ စဉ်အသက်တာများကိုဆင်ခြင်ပြီး ခရစ်တော်ကိုနေရာပေးကြည့်ကြပါစို့။

57 views0 comments
bottom of page