ချီးမွမ်းလေ၊ဝမ်းမြောက်လေ
ယူနီကုတ်နဲ့ဖတ်ရန်👉 အသက်တာရဲ့နေ့စဉ်ကောင်းကြီးတွေကိုရေတွက်ကြည့်ပါ။ သင်မချီးမွမ်းပဲမနေနိုင်ဘူး။

ဒီသီချင်းလေးကိုရတယ်ဆိုရင် နှလုံးထဲကချီးမွမ်းရင်းဆိုကြည့်ပါ ... သိပ်ကောင်းတာဘဲ
*** ကျေးဇူးတော် ခွက်ဖလားလျှံလျက်ရှိပါ၏၊ နေ့ရက်စဉ် ကရုဏာအသစ်ခံစားရသည် ... အသက်တာ၏ လမ်းခရီးနေ့ရက်တိုင်းမှာ ကျေးဇူးတော်နှင့်ပြည့်လျက်နေ၏ .....
ထာဝရဘုရားသခင်သည် အတိတ်၊ပစ္စုပ္ပန်၊အနာဂတ် အစဉ်ကောင်းမြတ်တော်မူသော ဘုရားဖြစ်သည်။ကိုယ်တော်ကောင်းမြတ်ကြောင်း၊ကျေးဇူးတော်ခံစားရကြောင်း ဝန်ခံလေလေ၊ အသက်တာထဲမှာ ကောင်းကြီးမင်္ဂလာများဟာ တစ်နေ့ပြီးတစ်နေ့ ပြည့်လျက်၊သိပ်လျက်၊လျှံလျက်ရရှိခံစားလေလေပါဘဲ။
ကောင်းကြီးမင်္ဂလာတွေခံစားရပေမဲ့၊နံနက်တိုင်းဂရုဏာတော်အသစ်ခံစားနေရသော်လည်း မချီးမွမ်းတတ်သောအသက်တာ ဟာတစ်နေ့ပြီးတစ်နေ့ ခန်းခြောက်လေလေပါဘဲ။
ခံစားရသောကောင်းကြီးမင်္ဂလာကို ရေတစ်ခွက်သောက်နိုင်ခြင်းအခွင့်ရတာကစလို့ ချီးမွမ်းကြည့်ပါ။နေ့တိုင်းချီးမွမ်းစရာတွေ့လာရပါလိမ့်မယ်။
------------------- zawgyi ----------