ချီးမွမ်းခြင်းပွဲတော်နေ့မှာပျော်ကြပါစေ

ကျေးဇူးမတင်တတ်ခြင်း၊ မချီးမွမ်းတတ်ခြင်းဟာလည်းအပြစ်ဖြစ်ကြောင်းဆိုပါသည်။


အသင်းတော်၏ စုပေါင်းကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်ကို အတူတကွလုပ်ဆောင်နိုင်ခြင်းမရှိသည့် ယခု ၂၀၂၀ ခုနှစ်အတွက် စိတ်မကောင်းပါဘူး။ ကျွ်နပ်တို့မိသားစုတိုင်း တစ်ယောက်စီတိုင်းက အကောင်းဆုံးသောနေ့တွေကိုမျှော်လင့်နေကြပါသည်။ သို့ပေမဲ့လည်း မတတ်နိုင်သည့်အဆုံးမိသားစုကိုယ်စီ နီးရာနီးစပ်ရာနဲ့ အတူချီးမွမ်းခြင်းပြုကြမည်ထင်ပါ၏။


မည်သို့ပင်ဖြစ်စေ ချီးမွမ်းသောနှလုံး၊ ကျေးဇူးတင်တတ်သောနှလုံးသားကို ဘုရားသခင်ကောင်းကြီးပေးနေမည်အမှန်ပေ။ ယခုနှစ်မှာအတူတကွဆင်နွှဲနိုင်ခြင်းမရှိသော်လည်း လာမည့်နှစ်များမှာ အတူတကွစုံညီစွာပြုလုပ်နိုင်ဖို့ အားလုံးကမျှော်လင့်ရင်း ဆုတောင်းလျက်ဆက်လျှောက်ကြပါမည်။


ကျေးဇူးတော်ချီးမွမ်းရာနေ့ရက်ကာလမှာ မိသားစုတိုင်း ကျန်းမာလျက် ပျော်ရွှင်ဝမ်းမြောက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါသည်။ အားလုံးကို ဘုရားသခင်ကောင်းကြီးပေးပါစေ။

35 views0 comments

© 2019 by Immanuel Myanmar Church , Wheaton ( Chicago land ) 

  • YouTube
  • Facebook Social Icon