ခိုင်ညီးနှင့်ယုံကြည်သူများ
Uni code နှင့်ဖတ်ရန် 👉
ခိုင်ညီးနဲ့ယုံကြည်သူများ . . .
နှုတ်ကပတ်တော်က ယုံကြည်သူ၏ ကိုယ်ခန္ဓာအတွင်းနှလုံးသားသည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်သည်ဟုပြောပါသည်။ ဘုရားသခင် ကိန်းဝပ်တော် မူသောဗိမာန်တော်သည်လည်းသန့်ရှင်းရ၏ဟုဖော်ပြထားပါသည်။သို့ဆိုလျှင် ယုံ ကြည်သူသည် ဘုရားသခင် ရွံမုန်းသောအရာ၊ရွံရှာသောအရာ စားမိ၊သောက်မိပါ က ဘုရားသခင်ကို၎င်း၊သန့်ရှင်းသော ဝိညာဉ်တော်ကို၎င်း စိတ်နာစေပါသည်။ ဆေးလိပ်၊အရက်၊ကွမ်းယာအဆုံး ခိုင်ညီးကအစပေါ့။အချို့က ဘီယာကိုအရက်လို့ မမြင်ဘူး။ဒါက သောက်ချင်၊သုံးချင်တဲ့ လူ့ရဲ့အမြင်ပါ။ဘုရားအမြင်မှာက မသန့်ရှင်း ဘူး။ဘုရားမနှစ်သက်ပါ။
ဤအရာများအားလုံးသည် သင့်ရဲ့ကိုယ်ခန္ဓာ၊အသွေးအသားထဲကိုလည် ပတ်စည်းဆင်းသွားခြင်းဖြစ်ပါသည်။စဉ်းစားကြည့်ပါ။ သန့်ရဲ့အသွေးအသား၊ကိုယ် ခန္ဓာသည် ခရစ်တော်၏အသွေးတော်နှင့်ရွေးဝယ်တော်မူသောအရာမဟုတ်လော။ ဘုရားသခင်ကိန်းဝပ်တော်မူသော ဗိမာန်တော်ဆိုတာသိပါရဲ့လား။ဘုရားကျောင်း အပြင်ရောက်ရင် ဘုရားမနှစ်သက်တာ စား၊သောက်ပြီး ဘုရားဗိမာန်တော်ကိုဖျက် ဆီးတယ်။ ဘုရားကျောင်းရောက်ရင် ကလျက်၊ခုန်လျက် ချီးမွမ်းတယ်။ဘုရားရှေ့ မှာရှက်စရာသိပ်ကောင်းပါတယ်။ပြန်စဉ်းစားပါမိတ်ဆွေ။
အချို့က ဆေးလိပ်မသောက်၊ကွမ်းမစားဘူး။ဒါပေမဲ့ ခိုင်ညီးကိုတော့ ခဏမျှမရှောင်လိုပါ။ခိုင်ညီးအနံ့က သိပ်ပြင်းတာပဲ။ခိုင်ညီးငုံတဲ့သူက ပါးစပ်တောင် ကောင်းကောင်းမဟဘူး။သူ့ပါးစပ်ကတစ်မျိုးပဲ။ ခိုင်ညီးအကြောင်းကျမ်းစာမှာမပါ ဘူးတဲ့လေ။ ချစ်သော ယုံကြည်သူညီကိုမောင်နှမများ ဘုရားသခင်ဗိမာန်တော် သင့်ခန္ဓာကိုယ်ကို မဖျက်ဆီးပါနဲ့။ တစ်နေ့ဘုရားဖျက်ဆီးခြင်းခံရလိမ့်မည်။ ခိုင်ညီး နှင့်ပတ်သက်၍ ကျမ်းပိုဒ်မရှိဟုဆိုသူများ . . .
သူသည် မိမိပစပ်၌ ဒုစရိုက်ကို ချိုနိုးထင်၍ မိမိလျှာအောက်မှာ ဝှက်ထားလျက်၊ နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပစပ်၌ ငုံသော်လည်း၊ ၁စားပြီးလျှင်သူ၏ ဝမ်းထဲမှာ သဘောပြောင်း၍ မြွေးဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်၊၊ ယောဘ၊ ၂၀း၁၂-၁၄
© 2019 by Immanuel Myanmar Church , Wheaton ( Chicago land ) 
  • YouTube
  • Facebook Social Icon