ကောင်းကြီးနှင့်ပြည့်သောအိမ်ဖြစ်ဖို့ရန်

ယူနီကုတ်- Zawgyi  နှင့်ဖတ်ရန် ☝️ အိမ်ဆိုတာ ကောင်းကြီးပြည့်မှ ပျော်စရာ၊နေစရာကောင်းတာဖြစ်တယ်။ တစ်ချိန်လုံး ဝမ်းနည်းစရာ၊စိတ်ပျက်စရာတွေသာ ပြည့်နေမည်ဆိုပါက ပျော်စရာမကောင်းတော့ပါ။ ထိုသို့ကောင်းကြီးနှင့်ပြည့်သော အိမ်ကြီးဖြစ်ဖို့ ဘာတွေလုပ်နေရပါမလဲ။


မပျော်တဲ့နေရာက ကြာကြာနေလို့မကောင်းဘူး

ကောင်းကြီးနှင့်ပြည့်သောအိမ်ဖြစ်ဖို့ရန်


သင့်အိမ်သည် ဘုရား၏လူများ၊ အမှု့တော်ဆောင်များ နားနေရာ၊ဧည့်ခံရာအိမ်ဖြစ်ပါစေ။ အာဗြဟံသည် ကောင်းကင်တမန်များကို ဧည့်ခံပြီး အိမ်မှာနားနေစေခြင်းဖြင့် ကောင်းကြီးမင်္ဂလာများစွာရရှိပါသည်။ရှုနင်မြို့က ဇနီးမောင်နှံသည်လည်း ဘုရားသခင်၏လူ ပရောဖက်ဧလိရှဲ နားနေနိုင်ရန် မိမိအိမ်၌အခန်းပြင်ဆင်ပေးခြင်းဖြင့် သားရတနာကောင်းကြီးရပါသည်။


ဘုရား၏လူ၊အမှု့တော်ဆောင်များသည်ရောက်လာသောအခါ ခရစ်တော်၏ ဧဝံဂေလိတရား၌ပါသောကောင်းကြီးမင်္ဂလာနှင့်ရောက်လာမည်ဖြစ်သည်။


မိတ်ဆွေ ... သင့်အိမ်မှာ ရောက်လာသောဧည်သည်သည် ကောင်းကြီးမင်္ဂလာ သယ်ဆောင်သောအမှု့တော်ဆောင်ဖြစ်ပါက သာ၍မင်္ဂလာရှိပါသည်။ထိုနည်းသူ အားနည်းသောသူတို့ကိုလက်ခံခြင်းသည်လည်း ကောင်းကြီးပင်ဖြစ်ပါသည်။


မာရိနှင့်မာသအိမ်သည် ခရစ်တော်ရောက်ခြင်းကြောင့် ဆင်ရဲချို့တဲ့သူများ၊မကျန်းမမာသူများရောက်လာကြပြီး အနာငြိမ်းသည့်နေရာ၊ နှုတ်ကပတ်တော်ကြား သည့်နေရာဖြစ်ခဲ့ပါသည်။သူတို့မောင် လာဇရုသေသောအခါ အသက်ရှင်ခွင့်ရရှိပါသည်။


မိတ်ဆွေ .... သင်၏အိမ်သည် ကောင်းကြီးမင်္ဂလာရရှိရန် နှုတ်ကပတ်တော်ပြောသည့်နေရာ၊ဆွေးနွေးသည့်နေရာဖြစ်သလား။ ဘုရားသားသမီးများ အမှု့တော်ဆောင်များရောက်ရှိ ခိုနားသည့်နေရာဖြစ်သလား။ သို့မဟုတ် အတင်းအဖျင်းပြောဖို့စုဝေးသည့်နေရာ၊မူးယဇ်သေစာ သောက်စားဖို့ စုဝေးသောနေရာဖြစ်ပြီလော။


သင့်မိသားစုမှာ ကောင်းကြီးဖြစ်ဖို့ အာဗြဟံကဲ့သို့၊ရှုနင်မြို့သူကဲ့သို့ ကြည့်တတ်မြင်တတ်၍ ကောင်းကြီးကိုရယူတတ်သောသူဖြစ်ပါစေ။









  • YouTube
  • Facebook Social Icon